'' ယခု အချိန် ''
ကံကြမ္မာ မျက်နှာသာ မပေးသေးလို့ပေါ့ ကွာ.....
မကြာခင် အကောင်းဆုံး အခွင့်အရေး ရတော့မှာပါ...
ဒီတစ်ခါ အခွင့်အရေး သာရကြည့် ငါ အကောင်းဆုံးအသုံးချ ပစ်လိုက်မယ်.....
ငါ... ဒီအလုပ်နောက် ထပ် ၂ နှစ်လောက်ဘဲ လုပ်တော့ မယ် ပြီးရင် ဘုရားအမှုတော် ထဲ ခြေစုံပစ် ဝင် လိုက်တော့မယ်....
မလို သေးပါဘူးကွာ.... မနက်ဖြန် လုပ် လည်း ရသေး တာဘဲ......
ဒီလို နဲ့ မနက် ဖြန်ပေါင်းများစွာ ကုန်ဆုံးရင်း ဒီအသက်အရွယ်ထိတိုင် ရောက်ခဲ့ ကြလေ ပြီ.....
မနက်ဖြန် ကို အားထား ရင်း ယခု လက်ရှိ အချိန်တွေကို အလဟာသ ဖြုန်းတီး နေတတ်ကြပါတယ်...
သင့်အတွက်.....
အကောင်းဆုံးအချိန် တွေ ဟာ အနာဂတ်မှာ မရှိပါဘူး.... သင့်ရဲ့ လက်ရှိ အချိန် ဟာ သင့်အတွက် အကောင်းဆုံး ပါဘဲ.......
ဘာလို့လဲ ဆိုတော့....
မနက်ဖြန် ကို ကျွန်တော် တို့ မပိုင်လို့ပါဘဲ....မနက်ဖြန် ဘာဖြစ်မလဲ ဘယ်လိုဖြစ်မလဲ ဘယ်သူမှ ကြို မပြော နိုင်ပါဘူး... အရာအားလုံး ဟာ ဘုရားသခင် လက်ထဲမှာဘဲ....
ဒါကြောင့် ....ဘုရားသခင် သင့်ကို အသက်ရှင်ခွင့်ပေးထား သေးတဲ့ ယခု အချိန် လေး ကို အကျိုးရှိရှိ အသုံးချ ကြပါစို့လား....
သခင် ယေရှု ကိုယ် တိုင် .....
ရှင်ယောဟန်ခရစ်ဝင် ၉:၎
ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင်သော အချိန်တည်းဟူသော ညဥ့်အချိန်လာသေး၏။
ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင်သော အချိန်တည်းဟူသော ညဥ့်အချိန်လာသေး၏။
မိတ်ဆွေ သင်...
အပ္ပါယ်ငရဲ မှ လွှတ်မြောက်ဖို့ ယေရှု ဘုရားကို မိမိကယ်တင်ပိုင်ရှင် အဖြစ် လက်ခံဖို့ အကောင်းဆုံးအချိန်ဟာ မနက်ဖြန်မဟုတ်ဘူး ယခု အချိန်ပါဘဲ....
သင်မှားမှန်းသိရင် ဘုရားသခင်ထံပြန်လာဖို့ အကောင်းဆုံးအချိန်ဟာ မနက်ဖြန်မဟုတ်ဘူး ယခု အချိန်ပါဘဲ....
သူတစ်ပါးအပြစ်ကို ခွင့်လွှတ်ဖို့ အကောင်းဆုံးအချိန်ဟာ မနက်ဖြန်မဟုတ်ဘူး ယခု အချိန်ပါဘဲ....
ဘုရားသခင် နဲ့ တစ်ဦးတည်း အချိန်ယူဖို့ အကောင်းဆုံးအချိန်ဟာ မနက်ဖြန်မဟုတ်ဘူး ယခု အချိန်ပါဘဲ....
ဘုရားသခင့် အမှု တော်ထဲ ပါဝင်ဖို့ အကောင်းဆုံးအချိန်ဟာ မနက်ဖြန်မဟုတ်ဘူး ယခု အချိန်ပါဘဲ....
ပျောက်ဆုံးဝိညာဉ် တွေ ဖမ်းဖို့ အကောင်းဆုံးအချိန်ဟာ မနက်ဖြန်မဟုတ်ဘူး ယခု အချိန်ပါဘဲ....
သင့် ဘဝ အတွက် အကောင်းဆုံးကြိုးစားဖို့ အကောင်းဆုံးအချိန်ဟာ မနက်ဖြန်မဟုတ်ဘူး ယခု အချိန်ပါဘဲ....
သင့်ရဲ့ အကောင်းဆုံး ယခု အချိန်လေး ကို ဘုရားအမှုတော်အတွက် အသုံးချ လိုက်ပါ..... သူငယ်ချင်း...
God bless you.......
danielthein
danielthein

Comments
Post a Comment