ကယ်တင်ခြင်း လမ်း...
တမလွန်ရေး အတွက် စိတ်မအေး ဖြစ်နေသူများ အတွက် .......တိကျသေခြာတဲ့ အဖြေရရှိဖို့ ကယ်တင်ခြင်းလမ်းအကြောင်းလေး ကို မျှဝေ ပေးချင်ပါတယ်.....
🔊 ကယ်တင်ခြင်းသို့ပို့ဆောင်ပေးနိုင်သောတစ်ခုတည်းသောလမ်းမှာယေရှုခရစ်တော်သာဖြစ်သည်။
#ယေရှုခရစ်တော်၏မိန့်မာချက်
ရှင်မသဲ ၇:၁၃-၁၄
ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။
အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။
ရှင်ယောဟန်ခရစ်ဝင် ၈:၂၄
ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟုငါဆို၏။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆
ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
# တပည့်တော်တို့၏ဝေငှချက်
တမန်တော်ဝထ္ထု ၄:၁၂
ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၃
သားတော်ကိုငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။
သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် ၁:၇
ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိ တရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ....
ဘယ်လိုနည်းလမ်းအားဖြင့်ကယ်တင်ခြင်းသို့ရောက်နိုင်မလဲ...??
🔊 ဘုရားသခင်ပြင်ဆင်ပေးသောကယ်တင်ခြင်းသတင်းကောင်းကို ကြည်းနာရန်လိုအပ်သည်။
ရောမဩဝါဒစာ ၁၀:၁၇
သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
တမန်တော်ဝထ္ထု ၁၀:၄၂
ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ၊ ဘုရားသခင်ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့ဟု ငါတို့အားပညတ်ထားတော်မူ၏။
# သင်ကယ်တင်ခြင်းသတင်းကောင်းကိုကြားဖူးပြီလား..?
🔊 ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ရမည်။
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၉
သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည်တပါးတည်းသော သားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။
ဧဖက်ဩဝါဒစာ ၁:၇-၈
ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။
#သင်ယေရှုခရစ်တော်၏ကိုယ်စားအသွေးသွန်းအသေခံခြင်းကိုအမှန်တကယ်ယုံကြည်ပါသလား..??
🔊 သင်နှောင်တရရန်လိုအပ်သည်။
တမန်တော်ဝထ္ထု ၁၇:၃၀
ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
တမန်တော်ဝထ္ထု ၁၇:၃၁
အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။
တမန်တော်ဝထ္ထု ၂၆:၂၀
လူတို့သည် နောင်တရရမည်။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်...
ရှင်လုကာခရစ်ဝင် ၁၃:၃
သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟု ငါဆို၏။
#သင့်အပြစ်တွေကိုနောင်တရပြီးဘုရားသခင်အထံတော်သို့ပြန်လာရန်စိတ်ဆုံးဖြတ်ချက်ချပြီလား..??
🔊 ယေရှုခရစ်တော်ကိုယုံကြည်ကြောင်းနုတ်ဖြင့်ဝန်ခံရန်လိုအပ်သည်။
ရှင်မသဲ ၁၀:၃၂-၃၃
အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။
ရောမဩဝါဒစာ ၁၀:၉-၁၀
အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။
#ယေရှု ခရစ်တော်သည်မိမိကယ်တင်ပိုင်ရှင်ဖြစ်ကြောင်းနုတ်ဖြင့်ဝန်ခံရန်အဆင်သင့်ရှိပြီလား..?
🔊 ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ကြောင်းသက်သေအနေဖြင့် ဗတ္တိဇံခံရန်လိုအပ်သည်။
ရှင်မာကုခရစ်ဝင် ၁၆:၁၅
သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။
တမန်တော်ဝထ္ထု ၂:၃၈
ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။
#ယုံကြည်ခြင်း၏သက်သေအနေဖြင့်လူရှေ့ဘုရားရှေ့စာတန်မာရ်နတ်ရှေ့တွင်ဗတ္တိဇံခံခြင်းဖြင့်သက်သေပြရန်အဆင်သင့်ဖြစ်ပြီလား..??
🔊 ယေရှုခရစ်တော်ကိုယုံကြည်ပြီးသောသူတိုင်းသည်ခရစ်ယာန်အသက်တာ၌နုတ်ကပတ်တော်အတိုင်းဆက်လက်လျှောက်လှမ်းရန်လိုအပ်သည်။
ရှင်မသဲ ၂၈:၁၉
သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။
ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။
ရောမဩဝါဒစာ ၂:၁၀
ရှေးဦးစွာ၌ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသော အကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့။
#သင်သစ္စာရှိရှိခရစ်ယာန်အသက်တာ၌အသက်ရှင်ပြီးနုတ်ကပတ်တော်အတိုင်းလျှောက်လှမ်းအသက်ရှင်ရှင်ရန်အသင့်ရှိပြီလား...??
God bless you....
danielthein29

Comments
Post a Comment