ဆရာဝန်က....... မင်းမှာ ကိုယ်ဝန်ရှိ နေပြီဘဲ

ဆရာတစ်ကယ်ပြောတာလား.....
ဆရာတစ်ကယ်ပြောတာလား.....

ဟယ် ...ငါ့မှာ ကိုယ်ဝန်ရှိနေပြီတဲ့....ပျော်လိုက်တာ ငါအမေဖြစ်တော့မယ်....

ယောက်ျားရေ.. ..ယောက်ျား
ငါတို့  မကြာခင် ရင်သွေး ရတော့မယ်တဲ့....

ယောက်ျားလေး ဖြစ်မလား မိန်းကလေးဖြစ် မလားမသိဘူးနော်.....

အကောင်းဆုံး နာမည် စဉ်စားထား အုန်း....

အေ....ဟုတ်ပါပြီကွာ မင်းလည်း ကျန်းမာရေးဂရုစိုက်အုန်း....
ငါလည်း အရင်က ထက် နှစ်စ အလုပ်ပို ကြိုး စားမယ် ကွာ...

ငါတို့ရဲ့ ကလေး ကို မငယ်ရလေအောင် ငါကြိုးစားကြမယ်နော်.....

တစ်နေ့....ဆရာဝန်ကြီး ၊ အင်ဂျင်နီယာ ကြီး၊ ကမ္ဘာကျော် တရားဟော ဆရာကြီးဖြစ်ရမယ်ကွ...

ဟုတ်ပြီ
            ငါကြိုးစားမယ်.....
                                ငါကြိုးစားမယ်.....

မိဘ တိုင်း ... မိဘတိုင်း တွေသည် ကိုယ့်သားသမီး လူ့လောက မှာ မမွေးဖွားခင်က တည်း က အကောင်းဆုံးသောရည်မှန်းချက်   ..မျှော်လင့်ချက်များ ထားကာ ကြိုးစားလုပ်ဆောင်ကြသည်...

ဘိန်းစားဖြစ်ဖို့ ၊ သူခိုးဂျပိုးဖြစ်ဖို့ နဲ့ ဆိုးသွမ်းပေတေနေ ဖို့ မိဘတိုင်း အလိုရှိမည်မဟုတ်ပေ....
အကောင်းဆုံးထက် အကောင်းဆုံးဖြစ်စေချင်သည့် ဆန္ဒသည် မိဘတိုင်းတွင်ရှိသည်....

သို့သော် ...
မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဆိုသကဲ့သို့ အကောင်းဆုံး မျှော်လင့်နေသော်လည်း အဆိုးဆုံးအခြေအနေ သို့ ရောက်ရှိနေကြသည် က ခပ်များများ .....

ထိုအချိန် မိဘ များ ရင်ကျိုး ရလေ ပြီ. ....
ငါ သူကို့ မမွေးခဲ့ရင် ကောင်းသား အခု တော့ သူ ဘိန်းစား အရက်သမားဖြစ်နေပြီ....ငါကိုက မှားတာပါဧ.. .
 ကြည့်စမ်း မိဘ ကို မိဘ မှန်းမသိ
အလကားကောင် ဆန်ကုန်မြေလေး ... မိဘ ကျေးဇူးပြန်မဆပ် ရင်နေပါ မိဘ စကား တော့ နားထောင်ပေးပါ   ရှစ်ခိုးတောင်းပန်တယ် .... ရှစ်ခိုးတောင်းပန်ပါတယ်ကွာ...

ထိုအတူပါဘဲ ....
ဘုရားသခင် က လူတွေ ကို ဖန်ဆင်းရခြင်းရဲ့ ရည်ရွယ်ချက် သည် အပြစ်ထဲနှစ်မွမ်းကာ ဆိုးသွမ်းပေတေ နေ ဖို့ မဟုတ်ပေ ဘုရားသခင်စကားနားထောင်ပြီး ဘုရားသခင်နှင့် အစဉ်မိဿဟာယ ဖွဲ့ကာ ဘုရားသခင်နှင့် အတူ သွားလာဖို့ ဖြစ်သည် ...

သို့သော် ... ကမ္ဘာဦး ၆ တွင်
 လူသားများ သည် အပြစ်ဒုစရိုက် အပြစ် ထဲသို့ နှစ်သထက် နှစ် ကာ ဘုရားသခင့် ထံတော်မှ ကျောခိုင်း ထွက်ခွာ ခဲ့ကြပြီး ဘုရားသခင် ပူဆွေးသောက ရောက် စေခဲ့ သည် ..... ထို အထဲ တွင် နောဧ တစ်ဦးတည်း သာ ဘုရားသခင် အား စိတ် သက်သာ  စေ သည်....လူတွေ ကို ဖန်ဆင်းလို့ နောင်တရ ကာ ပူဆွေးနေသော ဘုရားသခင် သည် နောဧ သာ ကြောင့် ဖြေသိမ့်ကာ ဝမ်းမြောက် နေရ  သည်....အကြောင်းမှာ နေဧ သည် ဘုရားသခင်၏ စိတ်တော် နှင့် တွေ့သောသူ ဘုရားစကားကို တစ်သွေမတိမ်း နားထောင်သူ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

 နောဧ ကဲ့သို့ လောကသားများအား ဖန်ဆင်းခြင်ကြောင့် နှောင်တရကာ ပူဆွေးဝမ်းနည်း နေ ချိန် ဘုရားသခင် သည် ကျွန်ုပ်တို့ ကို ဖန်ဆင်းခဲ့ခြင်းကြောင့် ဝမ်းမြောက်ကာ ပီတိဖြာ နေစေဖို့ ဘုရားစကားကို နားထောင်ကာ အသက်ရှင် လျှောက်လှမ်းကြပါစို့ လား ....

ကမ္ဘာဦးကျမ်း ၆:၅
 မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူလျှင်၊

ကမ္ဘာဦးကျမ်း ၆:၆
 မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။

ကမ္ဘာဦးကျမ်း ၆:၈
 နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။

ကမ္ဘာဦးကျမ်း ၆:၉
 နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။

ကမ္ဘာဦးကျမ်း ၆:၂၂
 ဘုရားသခင် မှာထားတော်မူ၏။မှာထားတော်မူသည် အတိုင်းလည်း နောဧပြုလေ၏။

God bless you.....

                              danielthein29


Comments

Popular posts from this blog