အားမငယ်​နဲ့ ​ယေရှုရှိတယ်
ယော ၅း၅-၁၃ 
 ၃၈ နှစ်​ပတ်​လုံး အနာ​ရောဂါစွဲ​တဲ့ သူတစ်​​ယောက်
ဒါက သူရဲ့ ​ရောဂါ​ပျောက်​ဖို့ တစ်​ခု တည်း​သော​မျှော်​လင့်​ခြင်းဘဲ​လေ.....
ရေလှုပ်​ရှားတာနဲ့ တစ်​ပြိုင်​နက်​ ​ရေထဲဝင်​လိုက်​ရင်​ သူကျန်းမာခြင်းရမယ်​​ပေါ့ ....
သို့​ပေမဲ့.....
ရေ​တွေသာ အကြိမ်​ကြိမ်​ လှုပ်​ရှားခဲ့တယ်​....သူ​မျှော်​လင့်​ထားတဲ့ အတိုင်းဖြစ်​မလာခဲ့ ဖူး​လေ....
ဘာ​ကြောင့်​လဲ.....?
သူ့ကို ကူညီ​ပေးမဲ့ သူ တစ်​​ယောက်​မှ မရှိလို့ပါဘဲ....
သူ့ဘဝမှာ....
>> မိသားစု​တွေရဲ့ စွန့်​ပစ်​ခြင်းခံခဲ့ရတယ်​...
>> ဘယ်​သူမှ သူ့ကို မ​ပေါင်း​ဖော်​ချင်​ကြဘူး...
>>±သူအခက်​​နေတာကို မမြင်​​ချင်ေ​ယာင်​​ဆောင်​​နေကြတယ်​...
>> သူ့ ခံစားချက်​ ကို ဘယ်​သူ မှ နားမလည်​​ပေးကြဘူး...
>> သူ့ကို ကူညီဖို့​နေ​နေ သာသာ အ​ရေးလုပ်​ပြီး စကားေ​ပြာ မဲ့ သူ တစ်​​ယောက်​မှ မရှိခဲ့ဘူး​လေ....
သို့​​သော်​....
သူ ...ချစ်​ခင်​ရတဲ့ မိသားစု​ဆွေမျိုး အ​ပေါင်းသင်း​တွေ အားလုံးဝိုင်း ပယ်​ထား ​​ပေမဲ့...
သူ တစ်​ခါမှ မမြင်​ဖူး မ​သိဖူး တဲ့ ​ယေရှု က သူခံစား​နေရတဲ့ အရာ ကို ​မြင်​တယ်​....
သူရဲ့ ဘဝမှာ ဘယ်​​လောက်​​တောင်​ နာကျင်​စွာ ခံစား​နေရလဲ ​ယေရှု သိတယ်​....
အထီးဆန်​ပြီး ​မေ​တ္တာငတ်​ ​နေတဲ့သူ့ ကို ကျင်​နာစွာ 
" မင်းကျန်းမာခြင်းရလိုသ​လား " လို့ အချိုသာဆုံး​သော စကားနဲ့ နှစ်​သိမ့်​​ပေးခဲ့ တယ်​.....
သူ...​ယေရှု တတ်​နိုင်​တယ်​ ဆို တာ မယုံကြည်​ခဲ့​ပါဘူး....သို့​ပေမဲ့ ​ယေရှု က​တော့ သူ​တွေ့ကြုံ​နေရတဲ့ အခက်​အခဲ ကို ​​ဖြေရှင်း​ပေးခဲ့တယ်​....
သင့်​ရဲ့ အသက်​တာမှာ...
>> ကြုံ​တွေ့ ​နေရတဲ့ အခက်​အခဲ ​တွေနဲ့ ဘဝ ပြသနာ​တွေ အားလုံး ဘယ်​သူမှ မမြင်​​ပေမဲ့ ​ယေရှု မြင်​​နေတယ်​....
>> ဘယ်​သူမှ မသိနားမလည်​​ပေးနိုင်​​ပေမဲ့ ​ယေရှု နာလည်​​ပေး​နေတယ်​...
>> ဘယ်​သူမှ သင့်​ ကို အ​ရေးတယူ စကားမ​ပြော​ပေမဲ့....​ယေရှု က အချိုသာဆုံး​သော စကားလုံး​တွေ နဲ့ သင့်​ကို ချစ်​​ကြောင်း တစ်​ဖွဖွ ​ပြောကာ နှစ်​သိမ့်​​ပေး​နေတယ်​....
သူတတ်​နိုင်​တယ်​ ဆိုတာ.. သင်​ ယုံကြည်​ဖို့ ခဲယဉ်း​နေ​ပေမဲ့ .... သင့်​ဘဝ အခက်​အခဲ​တွေ အားလုံးကို သူ​ဖြေရှင်း​ပေးဖို့ အမြဲ အသင့်​ရှိ​နေတယ်​...
ဒါ​ကြောင့်​....
သင်​... ဘာမှအားမငယ်​နဲ့ ​ယေရှု ရှိတယ်​...
ယေရှု ရှိ​နေခြင်းက သင့်​ ဘဝ အတွက်​ ပြည့်​စုံလုံ​လောက်​ပါတယ်​.....
GOD BLESS YOU
danielthein29
Comments
Popular posts from this blog