ဘုရားသခင် ဘာကြောင့် တိတ်ဆိတ်နေတာလဲ...?
ဘုရား သခင် တိတ်ဆိတ်နေ ခြင်း နဲ့ ပတ်သက်ပြီး လူတွေ တော်တော်များများ ဘုရားသခင် အား သံသယဝင်ကာ မေးခွန်းထုတ်တတ်ကြပါတယ် ....
သဘာဝဘေး အန္တာရာယ် ဒဏ် များ နှင့် စစ်ဘေး တွေ ဒဏ်တွေ ကြောင့် လူတွေ ဒုက္ခရောက်နေချိန် ဘုရားသခင်၏ တိတ်ဆိတ် နေခြင်းကို ကြည့်ကာ...
👉 လူတစ်ချို့က ဘုရားသခင် က ဂရုဏာ ရှင်ဆို ဘာကြောင့် လူတွေ ဒုက္ခ ရောက်နေရတာလဲ...
👉 တစ်ချို့က... ကြည့်ပါလား... ဘုရား ဆိုတာလောက မှာ မရှိပါဘူး...
👉 တစ်ချို့က လည်း... ဘုရားသခင်ဟာ ကမ္ဘာကြီးကို ဖန်းဆင်းပြီးကြောခိုင်း သွားပြီလေ... ဘယ်တော့မှ လူသားတွေ ကို ကြည့်ရှု့  တော့မှာ မဟုတ်ဘူး...
ကျွန်တော့ အသက်တာ မှာလည်း..
အခက်အခဲ ပြသနာ တွေ နဲ့ အဆင်မပြေမှု တွေ ကြုံရတဲ့ အချိန် မေးခွန်းတွေ ထုတ်နေမိတယ်....
👉 ဘုရားသခင် ဘာလို့ တိတ်ဆိတ်နေတာလဲ..?
👉 ဘုရားသခင် ဘာလို့ ဒီအမှု ကြီးကိုပေးတွေ့ရတာလဲ ..?
👉 ဘုရားသခင် ဘာလို့ မကာကွယ်ပေးတာလဲ..?
👉 ဘုရားသခင် ကိုယ်တော်က ဂရုဏာရှင်ဆို...?
# ဘုရားသခင်တိတ်ဆိတ်နေတယ်ဆိုတာ...
👉 ဘုရားသခင် လူသားတွေအပေါ် မဆာနာလို့လား...? NO!
~ လူသားတွေကို အပ္ပါယ်ငရဲ မသွားစေချင်လို့တောင်ကယ်တင်ခဲ့သေးတာဘဲ..
👉 ဘုရားသခင် သတိမထားမိလို့လား...? NO!
~ ဘုရားသခင်ဟာ အရာအားလုံးကို သိမြင်တဲ့ ဘုရားသခင် ဖြစ်တယ်လေ...
👉 ဘုရားသခင်ဟာ လူသားတွေကို မချစ်လို့လား..? No!
~ အရမ်းချစ်တဲ့ မိဘတွေ တောင် သားသမီး တွေ ကို ဆုံးမသေးတာဘဲ...
👉 ဘုရားသခင် လူသားတွေ ကို ကယ်တင်ဖို့ စိတ်မဝင်စားလို့လား ..? No!
~ ကမ္ဘာဦးအစကနေ ကယ်တင်ခြင်း အစီအစဉ် တွေတောင် ရေးဆွဲနေခဲ့ တာဘဲ...
# ဒီလိုဆိုဘာလို့များတိတ်ဆိတ်နေရတာလဲ...?
👉 တစ်ချို့သော အခက်အခဲ ပြသာနာများနဲ့ ဒုက္ခဆင်းရဲခြင်းတွေ ဟာ ကျွန်ုပ်တို့ အပြစ်ကြောင့်ဖြစ်တယ်..( ဂလာ ၆း၇ )
👉 တစ်ချို့ အရာတွေက ဘုရားသခင် ကျွန်တော် တို့ အပေါ် ထားသော အကြံအစည် တွေ ကို နားမလည် နိုင်.... ( ဟေရှာ ၅၅း၈-၉ )
👉 ဘုရားသခင်ဟာ သဝန်တိုသော ဘုရားသခင်ဖြစ်တယ်...အခြားသော လောကအရာတွေ ကို စွန့်ပစ်ပြီး သူ့ထံပြန်လာစေချင်လို့ ဖြစ်တယ်... ( ထွက် ၂၀း၅ )
👉 ဘုရားသခင်က ကာလအချိန် ရောက်လုနီးပြီ ဖြစ်သောကြောင့် ..( ဗျာ ၂၂း ၁၀ - ၁၂ )
👉 ဘုရားသခင်က ကျွန်တော်တို့ကို စိတ်ရှည် သီးခံခြင်းတွေ ကို သင်ပေးချင်သောကြောင့် ... ( ယော ၁၃း၇ )
👉 ဘုရားသခင်က ကျွန်ုပ်တို့ ယုံကြည်ခြင်းကို စစ်ဆေး ချင်သောကြောင့်... ( ၁ပေ ၁း၇ )
👉 ကျွန်ုပ်တို့ အသက်တာ အားဖြင့် ဘုရားသခင် ဘုန်းတော် ထင်းရှားဖို့ ... ( ယော ၉း၃ )
ဒီအကြောင်းတွေ ကြောင့် ဘုရားသခင် တိတ်ဆိတ်နေရတာဘာ....
>> တိတ်ဆိတ်နေတဲ့ အချိန်ကာလတွေ က ကျွန်ုပ်တို့ ဘုရားသခင်ကို ပိုမို အားကိုးတတ်ဖို့ နဲ့ သူ့ကို ပိုပို သိကျွမ်း ဖို့ အခွင့်အရေးတွေရပေါ့...
ဒါကြောင့် ကျွန်တော်တို့ လည်း တိတ်တိတ်လေး နေပြီး ဘုရားသခင် အချိန်ကိုစောင့်ကြရအောင်နော်...
ဆာလံကျမ်း ၄၆:၁၀
ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
GOD BLESS YOU....
danielthein 29

Comments
Post a Comment